Language: Myanmar English

မဟာသင်္ကြန်ကာလ အတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်ချက်

၁။    ရေပက်ခံကားယာဉ်မောင်းသူများအရက်သေစာသောက်စားထားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးတားမြစ်ကြပါရန်။
၂။    မူးယစ်ဆေးဝါးများ၊ စိတ်ပြောင်းဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးတို့ဖြင့် တရားမဝင် ရောက်ရှိလာသည့်  ကာမဆန္ဒနှိုးဆွစေသောဆေးဝါးများအားမိမိကိုယ်တိုင်သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြပါရန်နှင့် မြှူဆွယ်တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကိုလည်းသတိပြုဆင်ခြင်ကြပါရန်။
၃။    တာဝန်သိပြည်သူတစ်ယောက်ချင်းအနေဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးတို့ အမြတ်တနိုးတန်ဖိုးထားသည့်အတာသင်္ကြန်ပွဲတော် မညစ်နွမ်းစေရန် မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးနှင့် အခြားအန္တရာယ်ရှိသောဆေးဝါးများ၊ ကာမဆိုင်ရာဆေးဝါးသုံးစွဲရောင်းဝယ်မှုများတွေ့ရှိပါကအနီးဆုံးလုံခြုံရေးအဖွဲ့အစည်းများထံသတင်းပေးပို့တိုင်ကြားကြပါရန်။
၄။    အတာသင်္ကြန်ကာလအတွင်းလူငယ်များသည်ရိုးရာသင်္ကြန်ကိုအရိုးရှင်းဆုံးပုံစံဖြင့် ပျော်ရွှင်စွာဆင်နွှဲကြပါရန်၊ အရက်မှအစပြု၍ မူးယစ်ဆေးဝါးအပါအဝင် အဆန်းထွင်သုံးစွဲအပျော်လွန်ကျူးလျှင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ကိုသတိပြုကြပါရန်။
၅။    မြန်မာ့ရိုးရာအတာသင်္ကြန်ကာလအတွင်းလူသစ်စိတ်သစ်ဖြင့် နှစ်သစ်ကူးကာလကိုဘေးကင်းစွာနှင့်ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြစေရန်အတွက် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့် မဏ္ဍပ်တာဝန်ခံများဝိုင်းဝန်းထိန်းသိမ်း၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့