Language: Myanmar English

သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်များ

၁။    သင်္ကြန်ပွဲတော်အတွင်း အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊
၂။    မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
၃။    တုတ်/ ဓား လက်နက်များ ဝှက်သိမ်း ကိုင်ဆောင်ခြင်း၊
၄။    ကာမရာဂကို နိုးထစေသော ဆေးများရောင်းချခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း၊
၅။    မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊
၆။    မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ ၎င်းတို့မှ ကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်း၊
၇။    အချိန်လွန်ရေပက်ကစားခြင်းနှင့် လည်ပတ်ခြင်း၊
၈။    ရေပက်ကစားပြီး နားသည့်အချိန်၌ စိတ်ကွယ်ရာ၌ အနားယူခြင်း၊
၉။    အရက်သေစာ/မူးယစ်ဆေးဝါးသောက်စားခြင်း၊ ဝန်ပိုများတင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊
၁၀။    ရေပက်ကစားသူအချင်းချင်း နောက်ပြောင်ကျီစယ်လွန်ခြင်း၊
၁၁။    သင်္ကြန်ကာလအတွင်း အရက်မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊
၁၂။    ရေကစားရာတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး အများအမြင်တွင် မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများနှင့် ရေပက်ကစားခြင်း။


မြန်မာနိုင်ငံရဲတပ်ဖွဲ့