ပြည်ထဲရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. JurgMontani ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၅-၁-၂၀၁၇ ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၈)ရှိဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံစဉ် အကျဉ်းထောင်များသို့ ဝင်ရောက်ခွင့်၊ ပဋိပက္ခဖြစ်ပွားနေသည့်နေရာများသို့ သွားရောက်ခွင့်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။