Language: Myanmar English

၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ တပ်ဖွဲ့/ ဦးစီးဌာနအလိုက် Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်းနှင့် စည်းကမ်းချက်များ ထုတ်ပြန်ကြေငြာခြင်း

၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ တပ်ဖွဲ့/ ဦးစီးဌာနအလိုက် Profile အောင်မြင်သည့် ကုမ္ပဏီအမည်စာရင်း အပြည့်အစုံ (Download)

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်းများအတွက် စျေးနှုန်းတင်သွင်းလွှာ တင်သွင်းခွင့်ရရှိသည့်ကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များ

  ၁။ အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းသူသည် လုပ်ငန်းအုပ်စု တစ်ခုစီအတွက် တင်ဒါအာမခံ ကြေးအဖြစ် အဆိုပြုစျေးနှုန်း၏ ၁% ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုမှ ဝယ်ယူထားသော ငွေပေးအမိန့် P.O Cheque ကို ပြည်ထဲရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ အမည်ဖြင့် ဝယ်ယူပြီး မူရင်းပြသတင်သွင်းရမည်။ (လုပ်ငန်းအုပ်စုတစ်ခုလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုမှ ဝယ်ယူထားသော P.O Cheque တစ်စောင် တင်ပြနိုင်ခြင်းမရှိပါက စျေးနှုန်းတင်သွင်းလွှာ တင်သွင်းခွင့်မပြု) P.O Cheque တစ်စောင်လျှင် စာအိတ်တစ်အိတ်စီဖြင့် (စာအိတ်ပိတ်ရန်မလို) ထည့်သွင်း၍ စာအိတ်ပေါ်တွင် ကုမ္ပဏီအမည်နှင့် Lot နံပါတ်ရေးသွင်းရမည်။

၂။ စျေးနှုန်းတင်သွင်းလွှာ တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မိမိဆောင်ရွက်လိုသည့် လုပ်ငန်း အုပ်စု တစ်ခုစီအတွက် တင်သွင်းတန်ဖိုးတွင် ဝင်ငွေခွန် ၂% အား တစ်ပါတည်းတွက်ချက်၍ တင်သွင်းရမည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅% အား အကျဉ်းဦးစီးဌာနမှ ပေးဆောင်မည်ဖြစ်ပါသည်။ (ဒေသန္တရမှ ကောက်ခံသည့် အခွန်ငွေများနှင့် ပတ်သက်သည့် အခွန်ငွေများကို လုပ်ငန်းလက်ခံသူမှ ပေးဆောင်ရမည်။)
၃။ စျေးနှုန်းတင်သွင်းလွှာနှင့်အတူ ဆောင်ရွက်လိုသည့် အဆောက်အဦ၏ ဖွဲ့စည်းတည်ဆောက်မှု ပုံစံ (Structure Drawing) ၊ ကုန်ကျမည့်အသေးစိတ်ခန့်မှန်းတွက်ချက်မှုစာရင်း (B.Q&Estimate)၊ အဆောက်အဦလုပ်ငန်းများတွင် သုံးစွဲမည့် ပစ္စည်းအမျိုးအစားနှင့် ထုတ်လုပ်သည့်နိုင်ငံတို့အား ဖော်ပြ၍ တာဝန်ခံအင်ဂျင်နီယာလက်မှတ်နှင့်အတူ ပူးတွဲတင်ပြရမည်။
၄။ ဆောင်ရွက်လိုသည့် လုပ်ငန်းအတွက် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ လုပ်ငန်းပြီးစီး ဆောင်ရွက်ရန် ရေးဆွဲထားသည့် လုပ်ငန်းလျာထားချက်အခြေပြဇယား (Work Schedule) ပူးတွဲတင်ပြရမည်။
၅။ သတ်မှတ်စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ(သို့မဟုတ်) မန်နေဂျင်းဒါရိုက်တာကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဝန်ခံကတိလက်မှတ်ပါ စာတစ်စောင် အား ပူးတွဲတင်ပြရမည်။
၆။ စျေးနှုန်းအဆိုပြုလွှာ တင်သွင်းရာတွင် ပါဝင်ရမည့် အချက်အလက်များအား ပြည့်စုံစွာ ထည့်သွင်း၍ ဆောင်ရွက်မည့် လုပ်ငန်းအုပ်စုတစ်ခုလျှင် စာအိတ်တစ်အိတ်နှုန်းဖြင့် ချိတ်ပိတ်၍ သီးခြားစီ တင်သွင်းရမည်ဖြစ်ပြီး (၂၁-၇-၂၀၁၇)ရက်နေ့ (၀၉၀၀)အချိန်မှ (၁၆၀၀)အချိန်အတွင်း တစ်ပြိုင်တည်းပေးသွင်းရမည်။ (သတ်မှတ်ချိန်ကျော်လွန်သည့် တင်သွင်းလွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။)
၇။ စျေးနှုန်းတင်သွင်းလွှာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမ တွင် တင်သွင်းရမည်ဖြစ်ပါသည်။
၈။ တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee)အဖြစ် မိမိဆောင်ရွက်မည့် လုပ်ငန်းတန်ဖိုး၏ ၅% အာမခံငွေအား ကြိုတင်ပေးသွင်း ထားသည့် အထောက်အထားတင်ပြမှသာ လုပ်ငန်းအပ်နှံသည့် စာချုပ် ချုပ်ဆိုဆောင်ရွက်ခွင့်ပြုမည်။
၉။ တင်ဒါအောင်မြင်သော ကုမ္ပဏီမှ လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee) ၅% ကို လုပ်ငန်းအုပ်စုအလိုက် တင်ဒါအောင်မြင်သူ ကုမ္ပဏီအမည်စာရင်း၊ ကြော်ငြာပြီး ၇ ရက်အတွင်း ပေးသွင်းရမည်။ လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee) ၅ % ကို တည်ဆောက်ရေး လုပ်ငန်းများ Completion Certificate ရရှိပြီး ၁ နှစ်ပြည့်မှသာ ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ (လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Guarantee) ထုတ်ပေးသော်လည်း တည်ဆောက်သည့် ကုမ္ပဏီသည် တည်ဆောက်သည့် လုပ်ငန်း၏ တည်တံ့ခိုင်မြဲမှုကို သဘာဝဘေးအန္တရာယ်မှအပ တာဝန်ယူ ဆောင်ရွက်သည့် အဖွဲ့အစည်း/ ကုမ္ပဏီ၏ ကြီးကြပ်မှု အားနည်းချက်အရလည်းကောင်း၊ စံချိန်စံညွှန်း မပြည့်ဝမှုကြောင့်လည်းကောင်း ပျက်စီးမှုရှိပါက လုပ်ငန်းလက်ခံပြီး ၂ နှစ်အတွင်း ဖြစ်ပေါ်သည့် အပျက်အစီးများအားလုံးကို တင်ဒါအောင်မြင်သူမှ မိမိစရိတ်ဖြင့် တာဝန်ယူ၍ ပြန်လည်ပြင်ဆင်ရမည်။)
၁၀။ အိတ်ဖွင့်တင်ဒါအာမခံကြေးအား လုပ်ငန်းအုပ်စုအလိုက် တင်ဒါအောင်မြင်သူ ကုမ္ပဏီ အမည်စာရင်း ကြော်ငြာပြီး ၇ ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
၁၁။ တင်ဒါတင်သွင်းသူကုမ္ပဏီများအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကွင်းဆင်း လေ့လာပြီးဖြစ်သည်ဟု မှတ်ယူထားရှိပြီးဖြစ်သဖြင့် အဆိုပါလုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုအပ်နှံ ခွင့်ပြုသည့် ရန်ပုံငွေဖြင့် လုပ်ငန်းအား ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်အကြောင်း ပြချက်နှင့်မျှ ရန်ပုံငွေထပ်တိုးတင်ပြတောင်းခံခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။
၁၂။ လုပ်ငန်းလက်ခံသူသည် လုပ်ငန်းအပ်နှံသူ၏ ကြိုတင်သဘောတူခွင့်ပြုချက်မရဘဲ ဤစာချုပ်ပါတာဝန်ဝတ္တရားအားလုံးအား အခြားကုမ္ပဏီအဖွဲ့အစည်းများသို့ လွှဲပြောင်းခြင်း(သို့မဟုတ်) လုပ်ငန်းတစ်စိတ်တစ်ဒေသကို အပ်နှံဆောင်ရွက်စေခြင်းမပြုရ။
၁၃။ တင်ဒါအောင်မြင်သော ကုမ္ပဏီများအား ငွေပေးချေရာတွင် လုပ်ငန်းတစ်ခုလုံး၏ ၂၅% ဆောင်ရွက်ပြီးစီးကြောင်း သက်ဆိုင်ရာ အရည်အသွေးစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ မှတ်တမ်း ဓါတ်ပုံအထောက်အထားများဖြင့် တင်ပြမှသာ လုပ်ငန်းတစ်ခုလုံး၏ ၂၅% နှင့်ညီမျှသော ခွင့်ပြုငွေ အား ပထမအကြိမ်အဖြစ်လည်းကောင်း၊ လုပ်ငန်းတစ်ခုလုံး၏ ၅၀% ဆောင်ရွက်ပြီးစီးကြောင်း တင်ပြမှသာ လုပ်ငန်းတစ်ခုလုံး၏ ၂၅% နှင့်ညီမျှသော ခွင့်ပြုငွေအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ လုပ်ငန်းတစ်ခုလုံး၏ ၇၅% ဆောင်ရွက်ပြီးစီးကြောင်း တင်ပြမှသာ လုပ်ငန်းတစ်ခုလုံး၏ ၂၅% နှင့် ညီမျှသော ခွင့်ပြုငွေအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ လုပ်ငန်းပြီးစီးမှု ၁၀၀% ပြီးစီး၍ လုပ်ငန်းလွှဲပြောင်း/ လက်ခံ ဆောင်ရွက်ပြီးစီးကြောင်း တင်ပြမှသာ လုပ်ငန်းတစ်ခုလုံး၏ ၂၅% နှင့် ညီမျှသော ခွင့်ပြုငွေအား နောက်ဆုံးအကြိမ်အဖြစ်လည်းကောင်း၊ ချက်လက်မှတ်(Cheque)ဖြင့် ပေးချေ သွားမည်ဖြစ်ပါသည်။
၁၄။ တင်ဒါအောင်မြင်သော ကုမ္ပဏီများသည် မိမိရရှိသည့် လုပ်ငန်းများ၏ အသေးစိတ် Estimate များအား တစ်လအတွင်း တွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ ကုမ္ပဏီမှ တာဝန်ရှိသူကိုယ်တိုင် သွားရောက်စစ်ဆေးမှုခံယူပြီး စစ်ဆေးပြီးစီးသည့် Estimate တစ်စုံအား လုပ်ငန်းအပ်နှံသည့် တပ်ဖွဲ့/ ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့တင်ပြ ရမည်။ (တစ်လအတွင်း သွားရောက်စစ်ဆေးခြင်း မပြုပါက လုပ်ငန်းပြန်လည်သိမ်းဆည်းမည် ဖြစ်ပါသည်။)

တင်ဒါရွေးချယ်ရေးဦးစီးကော်မတီ

ပြည်ထဲရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် စျေးနှုန်းတင်သွင်းလွှာ တင်သွင်းခွင့်ရရှိသည့်ကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များ