Language: Myanmar English

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန  ကွပ်ကဲမှုအောက်တွင်ရှိသော တပ်ဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကြီးအကဲသည် ရဲချုပ်အဆင့်ရှိကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို ဦးဆောင်ကွပ်ကဲပါသည်။ လက်ရှိဖွဲ့စည်းမှုအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အောက်ပါ အတိုင်း ဖွဲ့စည်းထားရှိပါသည်−
    • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်။
    • လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့။
    •  နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့။
    •  တပ်ဖွဲ့များ။
    • တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ။ 
    •  ရဲလေ့ကျင့်ရေးကျောင်းများ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ရဲဦးစီးဌာနကြီး၊ ရဲရေးဌာနကြီး၊ ရဲထောက်ပံ့ရေး ဌာနကြီး၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးနှင့် ရဲလေ့ကျင့်ရေးဌာနကြီးတို့ကို ရဲမှူးချုပ် အဆင့်များက တာဝန်ယူ ကြီးကြပ်လျက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးအား  ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်ပါသည်။

လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့

  • ရဲတပ်ဖွဲ့ဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲသော  လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (၄)ရုံးရှိ ပါသည်။ အဆိုပါ ကွပ်ကဲမှုရုံးများကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွဲ့စည်းထားရှိ၍ ရဲမှူးချုပ် တစ်ဦးစီက အနီးကပ် ဦးစီးကွပ်ကဲ ပါသည်။

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့

  • အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကို ၁ဝ-၃-၂ဝ၁၄ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ရဲမှူးချုပ် တစ်ဦးက ကြီးကြပ်ကွပ်ကဲပါသည်။

တပ်ဖွဲ့များ

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အောက်ပါတပ်ဖွဲ့ (၁၄)ဖွဲ့ရှိပြီး ရဲမှူးချုပ်၊ ရဲမှူးကြီးအဆင့်ရှိ အရာရှိ ကြီးများက ကြီးကြပ်ကွပ်ကဲပါသည်-
    • မှုခင်းရဲတပ်ဖွဲ့။
    • သတင်းရဲတပ်ဖွဲ့။
    • လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့။
    • ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့။
    • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့။
    • ရထားရဲတပ်ဖွဲ့။
    • ရေကြောင်းရဲတပ်ဖွဲ့။
    • လေကြောင်းရဲတပ်ဖွဲ့။
    • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့။
    • စည်ပင်သာယာရဲတပ်ဖွဲ့။ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)။
    • ယာဉ်ထိန်းရဲတပ်ဖွဲ့။
    • အမြန်လမ်းမကြီးရဲတပ်ဖွဲ့။
    • ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့။
    • သစ်တောလုံခြုံရေးရဲတပ်ဖွဲ့။

တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရဲတပ်ဖွဲ့အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ရဲတပ်ဖွဲ့ (၁၅)ဖွဲ့ရှိပြီး ဖွဲ့စည်းပုံအရ ရဲမှူးချုပ်/ရဲမှူးကြီးများက ဦးစီးကွပ်ကဲပါသည်။ ၎င်းတို့ အုပ်ချုပ် ပိုင်ခွင့် နယ်မြေအပိုင်းအခြားမှာ နယ်ဘက်အုပ်ချုပ်ရေးအတိုင်းဖြစ်ပါသည်။

ရဲလေ့ကျင့်ရေးကျောင်းများ

  • ရဲအရာရှိအတတ်သင်ကျောင်း။ ရဲအရာရှိများအား စွမ်းရည်မြင့်မားတိုးတက်စေရန် မွမ်းမံသင်တန်းများ သင်ကြားပို့ချပေးပြီး ရဲမှူးကြီး တစ်ဦးက ကြီးကြပ်ကွပ်ကဲ ပါသည်။
  • ရဲအရာရှိလေ့ကျင့်ရေးကျောင်း။   ရဲအရာရှိ(ဒုရဲအုပ်)များအား လေ့ကျင့်မွေး ထုတ်ပေးသောကျောင်း ဖြစ်ပြီး ရဲမှူးချုပ်တစ်ဦးက ကြီးကြပ်ကွပ်ကဲပါသည်။
  • ရဲအကြပ်အတတ်သင်ကျောင်း။   မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲအကြပ်များအား စွမ်းရည်မြင့်မားတိုးတက်စေရန် မွမ်းမံသင်ကြားပေးသောကျောင်းဖြစ်ပြီး ရဲမှူးကြီး တစ်ဦးက ကြီးကြပ်ကွပ်ကဲပါသည်။
  • အမှတ်(၁)၊ (၂)၊ (၃)နှင့်(၄)ရဲလေ့ကျင့်ရေးကျောင်း။ အဆိုပါ ကျောင်းများသည် အခြေခံရဲပညာရပ်များအား လေ့ကျင့်သင်ကြားပေး၍ ရဲတပ်သားများ မွေးထုတ်ပေး သော လေ့ကျင့်ရေးကျောင်းများဖြစ် ပြီး ရဲမှူးကြီး တစ်ဦးစီက ဦးစီးကွပ်ကဲပါသည်။ အဆိုပါ ကျောင်းများသည် ရဲတပ်သားသစ်သင်တန်း တစ်မျိုးတည်းကိုသာ ဖွင့်လှစ် လေ့ကျင့်ပေးပါသည်။ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းသည် အမျိုးသမီးတပ်သား သစ်သင်တန်းကိုပါ တာဝန်ယူ ဖွင့်လှစ်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ

  • ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။
  • တရားဥပဒေစိုးမိုးရေး။
  • မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး။
  • ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ

  • ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး။
  • ဖြစ်ပွားသောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ် တရားစွဲတင်ရေး။
  • နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး။
  • ပြည်သူလူထုလုံခြုံရေး။
  • မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးနှိမ်နင်းရေး။
  • ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ

  • အောက်ပါအတိုင်း မဟာဗျုဟာ(၂)ရပ်၊ နည်းဗျုဟာ(၃)ရပ်၊ နည်းနာနိဿရ(၃)ရပ် တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-
    • မဟာဗျူဟာ (၂) ရပ်
      • မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး။
      • နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် ဘိန်းစိုက်ပျိုးမှု လုံးဝ ချုပ်ငြိမ်းပပျောက်ရေး။
    • နည်းဗျူဟာ (၃) ရပ်
      • ထုတ်လုပ်မှုပပျောက်ရေး။
      • သုံးစွဲမှုပပျောက်ရေး။
      • တားဆီးနှိမ်နင်းရေး။
    • နည်းနာနိဿယ (၃)ရပ်
      • မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက် နှင့် စိတ်ဓာတ် မြင့်မားတိုးတက်ပြောင်းလဲရေး။
      • တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာ ကူးလူးဆက်ဆံ နိုင်ရေး။
      • နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝ တိုးတက် မြင့်မားရေး။