ပင်မလုပ်ငန်းတာဝန်များ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း၊
- ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊
- အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း၊
- မြို့နှင့်ကျေးရွာများ စနစ်တကျဖွဲ့စည်းရေးလုပ်ငန်း၊
- ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊
- အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရေးလုပ်ငန်း၊
- ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း၊
- မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေဆိုင်ရာလုပ်ငန်း။