မီးသတ်ဦးစီးဌာနဖွဲ့စည်းပုံ
- ညွှန်ကြားရေးမှူးချုပ်
- ဒုတိယညွှန်ကြားရေးမှူးချုပ်
- ညွှန်ကြားရေးမှူး
- ဒုတိယညွှန်ကြားရေးမှူး
- လက်ထောက်ညွှန်ကြားရေးမှူး
- ဦးစီးအရာရှိ
- ဒုတိယမီးသတ်ဦးစီးမှူး
- လက်ထောက်မီးသတ်ဦးစီးမှူး
- မီးသတ်တပ်ကြပ်ကြီး
- မီးသတ်တပ်ကြပ်/ဒု-တပ်ကြပ်
- မီးသတ်တပ်သား
မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန် ( ၄ )ရပ်
- မီးဘေးလုံခြုံရေး၊
- သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊
- ရှာဖွေကယ်ဆယ်ရေး၊
- ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး
မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ်ကြီး(၇)ရပ်
- မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သောမီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊အုပ်ချုပ်မှုစွမ်းရည်နှင့်စည်းရုံးရေးစွမ်းရည်ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း၊
- မီးသတ်စက်/ယာဉ်နှင့် ပစ္စည်းကိရိယာများမွမ်းမံရေး၊ကြံ့ခိုင်ရေး၊ သင့်ရှိရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်/ယာဉ်/ပစ္စည်းကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့်အသင့် ရှိရေးလုပ်ငန်း၊
- ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေး လုပ်ငန်း၊
- အရန်နှင့်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေး လုပ်ငန်း၊
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာအဆင့်နှင့်အညီ ရင်ပေါင်တန်း ဆောင်ရွက် နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များအား အစဉ်အမြဲသုတေသနပြုလုပ်ဖော်ထုတ်၍ တပ်ဖွဲ့ဝင်အားလုံးတတ်ကျွမ်း နားလည်စေရန် လေ့ကျင့်ပေးရေးလုပ်ငန်း၊
- မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် နှင့်တာဝန်များကို အသုံးပြု၍ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင်၊ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းများမှ တိကျစွာ လိုက်နာဆောင်ရွက်စေရေးလုပ်ငန်း။
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ခိုင်မာသော အရန်အင်အားဖြစ်စေရေး အတွက် လေ့ကျင့်ဖွဲ့စည်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း။
သင်တန်းများဖွင့်လှစ်ခြင်း
- ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သောသင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
-
- အခြေခံမီးသတ်ပညာသင်တန်း(တပ်သားသစ်)(အမျိုးသား)
- အခြေခံမီးသတ်ပညာသင်တန်း(အမျိုးသမီး)
- အခြေခံမီးသတ်ပညာသင်တန်း(အမျိုးသား)
- ယာဉ်မောင်းသင်းတန်း(အမျိုးသား)
- အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်း(အမျိုးသား)
- အခြေခံဆေးသူနာပြုသင်တန်း(အမျိုးသမီး)
- ဒုတိယရဲအုပ်လောင်းသင်တန်း/လက်ထောက်မီးသတ်ဦးစီးမှူးလောင်းသင်တန်း
- အခြေခံကွန်ပျူတာသင်တန်း
- လေ့ကျင့်ရေးဌာနစု(ရန်ကုန်)တွင် ဖွင့်လှစ်သောသင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
-
- ယာဉ်မောင်းသင်းတန်း
- အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်း
- အခြေခံအင်္ဂလိပ်စာသင်တန်း
- အခြေခံရုံးလုပ်ငန်းသင်တန်း
- မီးသတ်စခန်းမှူးသင်တန်း
- မြို့နယ်မီးသတ်ဦးစီးမှူးသင်တန်း
- အခြေခံကွန်ပျူတာသင်တန်း
- စက်ပြင်သင်တန်း
- တန်းမြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း
- အဆင့်မြင့်ကွန်ပျူတာသင်တန်း
နိုင်ငံတကာမြို့ပြရှာဖွေကယ်ဆယ်ရေးသင်တန်းပို့ချမှု
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ စင်္ကာပူသံအမတ်ကြီးတို့၏ ညှိနှိုင်းဆွေးနွေးချက်အရ အပြည်ပြည်ဆိုင်ရာ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းစနစ်သင်တန်းကို စင်္ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တွင်(၂)ကြိမ် ဖွင့်လှစ် ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။ စင်္ကာပူမြို့ပြကာကွယ်ရေး တပ်ဖွဲ့မှကျွမ်းကျင် နည်းပြဆရာများ၏ အကူအညီဖြင့် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာမြို့ပြ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်သင်တန်းကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ မီးသတ် တပ်စုမှူးလောင်းသင်တန်းသားအင်အား(၉၅)ဦးဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ် ခဲ့ပါသည်။ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းစနစ်သင်တန်းကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသားအရာရှိ (၁ဝဝ)ဦးဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံ စင်္ကာပူအခြေစိုက် ပြင်သစ်သံရုံး အဖွဲ့၏ကူညီပံ့ပိုးမှုဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှ (၉)ရက်နေ့အထိ သင်တန်းသားဦးရေ (၂၅)ဦးဖြင့် ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီးဖြစ်ပါသည်။ ဂျပန်နိုင်ငံ The Society for Promotion of Japanese Diplomacy (SPJD)အဖွဲ့၏ကူညီပံ့ပိုးမှုဖြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ် ယာဉ်/စက်ပစ္စည်းကိရိယာပြုပြင်ထိန်းသိမ်းမှုသင်တန်းကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၁၉)ရက်နေ့ အထိ သင်တန်းသားဦးရေ (၆၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ပါသည်။ ပြင်သစ်နိုင်ငံ စင်္ကာပူအခြေစိုက်ပြင်သစ်သံရုံးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ သင်တန်းသားဦးရေ (၂၅)ဦးဖြင့် (ဒုတိယအကြိမ်)ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။ ကိုရီးယား နိုင်ငံ Seoul Metropolitan Fire and Disaster Management Head Quarters အဖွဲ့မှ မီးသတ်ယာဉ်ကိုင်တွယ်ထိန်းသိမ်းအသုံးပြုမှုသင်တန်းကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့မှ (၂၉)ရက်နေ့ အထိ သင်တန်းသား ဦးရေ ၁၀၂ ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ သင်တန်းသား မီးသတ်တပ်ဖွဲ့ဝင် များသည် သင်ယူရရှိခဲ့သည့် နည်းပညာဗဟုသုတများကို မိမိတို့ လုပ်ငန်းခွင် နယ်ပယ်တွင် လက်တွေ့အသုံးပြုကာ ဌာန၏မွန်မြတ်သည့်ရည်ရွယ်ချက်များနှင့်အညီ ကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager) သင်တန်း
- ရန်ကုန်တိုင်းဒေသကြီး၊ စမ်ချောင်းမြို့နယ်၊ မြေနီကုန်း၊ပြည်လမ်းပေါ်ရှိ အဆောက်အဦအား မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနအဖြစ် ဖွင့်လှစ်၍ မီးဘေး လုံခြုံရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ပြည်သူလူထုနှင့် ဌာနဆိုင်ရာ ကုမ္ပဏီအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများမှ လုံခြုံရေးတာဝန်ခံများအား ကာလတိုသင်တန်းများဖြင့် အဆက် မပြတ် ဖွင့်လှစ်၍ အသိပညာပေး ဆောင်ရွက် သွားလျက်ရှိပါသည်။
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖွဲ့စည်းထားရှိမှု
- ပြည်နယ်/ တိုင်းဒေသကြီးများတွင် သဘာဝဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား မြို့နယ် များတွင် တစ်မြို့နယ်လျှင် အင်အား (၃၅)ဦးစီပါဝင်သော တပ်စု(၁)စုစီဖြင့် တပ်စုပေါင်း(၃၃၃)စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ မြို့ကြီးများတွင် အင်အား (၁၁၆)ဦးစီပါဝင်သော တပ်ခွဲ(၁)ခွဲစီဖြင့် တပ်ခွဲပေါင်း(၁၇)ခွဲ၊ စုစုပေါင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အင်အား (၁၃,၆၂၇)ဦးအား စုဖွဲ့ ပြင်ဆင်ထားရှိပြီး၊ ထပ်မံ၍လည်း နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်အား(၁၁၆)ဦးပါဝင်သော ရှာဖွေကယ်ဆယ်ရေးအထူးတပ်ခွဲ(၁)ခွဲစီ ထပ်မံစုဖွဲ့ ထားရှိကာ သတ်မှတ်ထားသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို စုဆောင်း၍ ဒေသအလိုက် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။
Command and Control Center
- မီးသတ်ဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအား ထိရောက်လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီး ဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် Command and Control Center တစ်ခုကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ Command and Control Center ၏ လုပ်ငန်းများကို ၅-၅-၂၀၁၂ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ Command and Control Center ၏ လုပ်ငန်းစနစ်တွင် Vehicle Tracking System (မီးသတ်ယာဉ်များထွက်ခွာရာလမ်းကြောင်းထိန်းချုပ်မှုစနစ်)၊ Fire Services Operating Management System (မီးငြှိမ်းသတ်ရေးလုပ်ငန်းထိန်းချုပ်ကွပ်ကဲမှုစနစ်)၊ e-Watching Tower System (စောင့်ကြည့် မျှော်စင်စနစ်)၊ IP Camera System (မီးလောင်မှုဖြစ်ပွားသည့် ဧရိယာတိုက်ရိုက်ကြည့်ရှုကွပ်ကဲနိုင်သည့် စနစ်)များအား တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။