ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- လျှောက်ထားသူအားလုံး ပါရှိရမည့်အထောက်အထား
-
- နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
- အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
- သင်္ဘောသားများဖြစ်ပါက
-
- ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
- သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ
- စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ
-
- ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
- ပုံစံ (၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ
- ကျောင်း/သင်တန်းများ တက်ရောက်လိုလျှင်
-
- သက်ဆိုင်ရာကျောင်း၏ ခေါ်စာ မူရင်းနှင့် မိတ္တူ ၂ စုံ
- ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
-
- အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြားအလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- မှီခိုလျှောက်ထားသူများ
-
- နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
- ရဟန်းသံဃာများ/သီလရှင်များ
-
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
- နိုင်ငံ့ဝန်ထမ်းများ
-
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ
- တပ်မတော်သားများ၏ ဇနီး/ ခင်ပွန်းနှင့် သားသမီးများ
-
- ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
- ပြစ်ဒဏ်ကျခံဖူးသူများ
-
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
- GREEN CHANNEL-GC
-
- MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွား ရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက်ခရီးသွား အေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများ၊
- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေး ကိစ္စများအတွက်ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရ ကိစ္စ/ ပညာသင်ကိစ္စများ အတွက် လုပ်ငန်းများအတွက်ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက် အဆင့်များထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
- အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ
-
- အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
- ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
- ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ
- ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု
-
- ၂၄.၃.၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် https://www.passport.gov.mm/ website တွင် Online Appointment စနစ်ဖြင့် Online Booking ရက်ချိန်းရယူရမည်ဖြစ်ရာ လျှောက်ထားရာတွင် စာမျက်နှာ ၃ မျက်နှာရှိ အချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်၍ KBZ Pay ၊ MPU Pay တို့ဖြင့် Online မှ စာအုပ်ဖိုးငွေ ၃၅,၀၀၀ ကျပ် ပေးချေပြီး လျှောက်ထားရမည်ဖြစ်ပါသည်။၊ Online Booking ရရှိပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ လာရောက်လျှောက်ထားနိုင်ပါသည်။ Online Booking စနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား https://www.passport.gov.mm/ website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။