မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာ၀န်များ
- မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ်ကြီး(၇)ရပ်
-
- မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သောမီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှု စွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း၊
- မီးသတ်စက်/ယာဉ်နှင့်ပစ္စည်းကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေး၊ အသင့်ရှိရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်/ယာဉ်/ပစ္စည်းကိရိယာများ မွမ်းမံရေး၊ကြံ့ခိုင်ရေးနှင့်အသင့်ရှိရေးလုပ်ငန်း၊
- ပြည်သူလူထုအားမီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေးလုပ်ငန်း၊
- အရန်နှင့်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေးလုပ်ငန်း၊
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာအဆင့်နှင့်အညီ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များအား အစဉ်အမြဲ သုတေသနပြုလုပ်ဖော်ထုတ်၍တပ်ဖွဲ့ဝင်အားလုံး တတ်ကျွမ်းနားလည်စေရန် လေ့ကျင့်ပေးရေးလုပ်ငန်း၊
- မီးသတ်တပ်ဖွဲ့ ဥပဒေ၊နည်းဥပဒေပါပြဌာန်းချက်များအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များအား အသုံးပြု၍ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ပုဂ္ဂလိကပိုင်၊ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းများမှတိကျစွာ လိုက်နာဆောင်ရွက် စေရေးလုပ်ငန်း။
- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ခိုင်မာသော အရန်အင်အားဖြစ်စေရေးအတွက် လေ့ကျင့်ဖွဲ့စည်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း။