Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကျောက်စက်လမ်းရှိ ဆိုင်ခန်း မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကျောက်စက်လမ်းရှိ ဆိုင်ခန်းအငှား ဒေါ်နန်းစီဆိုင်၏ ၁၅ x ၂၀ ပေ၊ အုတ်ကြွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ် ဆိုင်ခန်း၌ အင်ဗာတာ ဘက်ထရီအိုးဖြင့် မီးထွန်းထားရာမှ အပူလွန်ကဲပြီး ခန်းစီးလိုက်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထူးကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ဆိုင်ခန်း တစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ခန်းအငှား ဒေါ်နန်းစီဆိုင် အား ထူးကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။