၁၁-၁-၂၀၁၇ ရက်နေ့
ပြည်ထဲရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ နယ်ခြားစောင့်စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr.ChengDingwu ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၁၁-၁-၂၀၁၇ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၈)ရှိဒုတိယဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။