Language: Myanmar English

ဆဌမ အကြိမ် မြန်မာ-လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ရေး

(နေပြည်တော်၊ ၇-၂-၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးထားသောတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးဆဌမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၄၀၀ နာရီတွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အထက်ဖော်ပြပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပေါင်း ၁၂ ဦး၊ လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဝန်ကြီးPol.Maj. Gen Somkeo SYLAVONG နှင့် အမြဲတမ်းအတွင်းဝန်၊ လာအိုနိုင်ငံရဲအဖွဲ့ ရဲချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများပေါင်း၈ ဦး၊ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ပါသည်။

မြန်မာ-လာအိုနှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးနှင့်ပတ်သက်သည့်အဆင့်မြင့် အရာရှိကြီးအဆင့် အစည်းအဝေးကိုနံနက် ၁၀၀၀ နာရီမှ ၁၂၀၀ နာရီအထိအဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဝန်ကြီးအဆင့်အစည်းအဝေးကို ၁၄၀၀ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာမြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊သတင်းအချက်အလက်များဖလှယ်ရေး၊ နှစ်နိုင်ငံ၏ နယ်စပ်ဆက်ဆံရေးရုံးယန္တရားတိုးမြှင့်ဖော်ဆောင်ရေး၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ မြန်မာ-လာအိုဘာသာစကားအပြန်အလှန်သင်ကြားရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတိုးမြှင့်ဖော်ဆောင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

myanmar laos 01

ဆဌမအကြိမ်မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးဝန်ကြီးအဆင့်အစည်းအဝေး

myanmar laos 02

ဆဌမအကြိမ်မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးဝန်ကြီးအဆင့်အစည်းအဝေး

myanmar laos 03

 ဆဌမအကြိမ်မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးဝန်ကြီးအဆင့်အစည်းအဝေး