Language: Myanmar English

Featured

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓါတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ် ပြိုင်ပွဲ ဆုရသူများ စာရင်း ထုတ်ပြန်

 

ရန်ကုန် ဇွန်

၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓါတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ် ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။

ဝတ္ထုတို ပြိုင်ပွဲတွင်

ဒေါ်မေစိမ်းဝင်း(ကောင်းကင်မေ - စီးပွားရေးတက္ကသိုလ်) ၏ "သားပြန်လာပြီ အမေ"ဝတ္ထုတိုက ပထမ၊ ဦးရဲညွန့်(ရဲရဲထွန်း - ဟင်္သာတ) ၏ "မူးယစ်ကင်းစင် ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုး စီးပွားတိုး"(သို့မဟုတ်) "ဥသျှစ်ပင်လမ်းခွဲရဲ့အောင်ပွဲ" ဝတ္ထုတိုက ဒုတိယ၊ ဦးအေးကြူ(မောင်ငြိမ်းမွန် - ချောင်းဦး) ၏ "မဖြူသောအဖြူ မမည်းသောအမည်း" ဝတ္ထုတိုက တတိယဆုများ ရရှိကြပြီး အထူးဆုများ အဖြစ် ဦးဇော်ဝင်း(စည်သူညွှန်းလှ) ၏ "အားကစားဖြင့် မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးကို ဆန့်ကျင်စို့"၊ မအိဖြူစံ(ပန်းအိဖြူဖြူ) ၏ "လက်ဖဝါးလေးတစ်ဖက်"၊ ဦးဇော်လင်း(လင်းထက် - အင်းတော်ကြီး)၏ "နှောင်းနောင်တ"ဝတ္ထုတို တို့က အသီးသီးဆုများ ရရှိကြပါသည်။

ဆောင်းပါး ပြိုင်ပွဲတွင် ဦးထိန်လင်း(လင်းအရုဏ်ဦး - ပဲခူး) ၏ "ဦးစွာနားထောင်ပါ" ဆောင်းပါးက ပထမ၊ ဒေါ်ခင်ဝတ်ရည်(ဝတ်ရည်ခင် - ပဲခူး) ၏ "လူသားတို့ကမ္ဘာ မပျက်သုဉ်းဖို့ အန္တရာယ် မူးယစ်ဆန့်ကျင်စို့"ဆောင်းပါးက ဒုတိယ၊ ဒေါ်ခင်နှင်းရီ(ခင်နှင်းရည် - ရန်ကုန်တက္ကသိုလ်) ၏ "သက်ရှည်ကျန်းမာ လူသား ကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ" ဆောင်းပါးက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် ဦးကျော်ဆွေဦး(ကျော်ဆွေဦး) ၏ "အားကစားဖြင့် မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးကို ဆန့်ကျင်စို့"၊ မခြူးရွှေစင် ၏ "မူးယစ်ကင်းစင်ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုးစီးပွားတိုး"၊ ဦးဘဆွေ(ဘိုးရာဇာ - သံဖြူဇရပ်) ၏ "လူသားတို့ ကမ္ဘာ မပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့" ဆောင်းပါးတို့က အသီးသီး ဆုများ ရရှိကြပါသည်။

ကဗျာ ပြိုင်ပွဲတွင် ဗိုလ်ကြီး ညွန့်ဝင်း - ငြိမ်း(ဘုန်းမောင်ဝင်း - ဖျာပုံ) ၏ "မူးယစ်သေမင်းမှ သင် လွတ်ကင်းစေချင်" ကဗျာက ပထမ၊ ဦးထွားမောင်(မောင်လွန်းမြိုင် - ပင်လယ်ဘူး) ၏ "သမိုင်း အမွေဆိုး မူးယစ်မျိုး ထိုးနှက်တော်လှန် တိုက်ဖျက်ရန်"ကဗျာက ဒုတိယ၊ ဦးကျော်ညွန့်(ရေနံ့သာ မောင်ကျော်ညွန့်) ၏ "နောင့်ချစ်ညီထွေး မောင်လူမွှေးသို့" ကဗျာက တတိယဆုများ ရရှိကြပြီး အထူးဆုများ အဖြစ် ဦးထွန်းအောင်ကျော် (လင်္ကာမြင့်မိုရ်) ၏ "လူသားတို့ကမ္ဘာမပျက်သုဉ်းဖို့ အန္တရာယ်မူးယစ် ဆန့်ကျင်စို့"၊ဦးစောလွင်(မဟူရာစောလွင် - ပခုက္ကူ)၏ “တွဲလက်တွေ မြဲဆက်လို့ မူးယစ်အန္တရာယ်ကာကွယ်စို့"၊ ဦးဇော်ဝင်း (စည်သူညွှန်းလှ)၏ “ကမ္ဘာတစ်ခွင် မူးယစ်စင် စည်ပင်ဖြိုးဖို့ ဆန့်ကျင်စို့"ကဗျာတို့ က အသီးသီး ဆုများ ရရှိကြပါသည်။

တေးသီချင်း ပြိုင်ပွဲတွင် ဒေါ်ခင်စန္ဒီစိမ့်(အလင်္ကာမေ) ၏ "မူးယစ်ဆေးကိုဆန့်ကျင်မယ်" တေးသီချင်းက ပထမ၊ ဗိုလ်ကြီး ဉာဏ်ပိုင်စိုး(စစ်သူ) ၏ "လူသားတို့ကမ္ဘာမပျက်သုဉ်းဖို့ အန္တရာယ် မူးယစ်ဆန့်ကျင်စို့" တေးသီချင်းက ဒုတိယ၊ ဦးဇော်ဝင်း(စံကွန့်) ၏ "မူးယစ်ရန်ရှောင်ရှား ယနေ့ လူငယ်" တေးသီချင်းက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးမောင်မောင်လွင်(လီယိုနာဒ်မောင်မောင်လွင်) ၏ "မူးယစ်ကင်းစင်ပြည်တစ်ခွင်"၊ ဦးသက်လွင် (ဟံသာဒို) ၏ "နေ့သစ်များနဲ့ကမ္ဘာ" နှင့် ဒေါ်မေသန့်ရွှေ (ငယ်သန့် - သုခုမ)၏ "ငါတို့တိုင်းပြည်ငြိမ်းချမ်းရေး အနီးလေးပါ" တေးသီချင်းတို့က အသီးသီး ဆုများ ရရှိကြပါသည်။

ဓါတ်ပုံ ပြိုင်ပွဲတွင် ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)က ပထမ၊ ဝင်းဇော်ဦး(မင်းဘူး)က ဒုတိယ၊ မင်းဇာနည်ဇော် က တတိယ ဆုများရရှိကြပြီး အထူးဆုများအဖြစ် မယမင်းဝင်းလှိုင်နှင့် ဦးအောင်ကျော်ထွန်း (အောင်ကျော်ထွန်း - ပုသိမ်ကြီး)က အထူးဆု(၂)ဆု အသီးသီး ရရှိကြပါသည်။

ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် ဦးမောင်မောင်ကျော်ဝင်း ရန်ကုန်တိုင်း​ဒေသကြီးက ပထမ၊ ဦးကျော်ဆင့်(ကျော်ဆင့် - တာမွေ) ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ မသီရိနန္ဒာရွှေဝါဘုန်း မန္တလေး တိုင်းဒေသကြီးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ကောင်းထက်ဟိန်း (ပန်းချီ ကောင်းထက်ဟိန်း) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါ်ခင်မျိုးမြင့်ရွှေ(ခင်မျိုးမြင့်ရွှေ - စိတ်ပညာ) မန္တလေး တိုင်းဒေသကြီး၊ မောင်ပိုင်စိုးထွန်း(ပိုင်စိုးထွန်း-ရွှေပန်းချီ ရမည်းသင်း) မန္တလေးတိုင်းဒေသကြီးတို့က အသီးသီး ဆုများရရှိကြပါသည်။

ပန်းချီမူလတန်းအဆင့် ပြိုင်ပွဲတွင် မဧကရီမိုး လေ့ကျင့်ရေး အလက မြစ်ကြီးနားက ပထမ၊ မောင်ဖြိုးမင်းသီဟကျော် အမက(၃၀) လှိုင်က ဒုတိယနှင့် နန်းကေဇင်လင်း အလက(ခွဲ) နမ့်ကွတ် လွိုင်ကော်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ဉာဏ်လင်းထက် ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း ရွှေပြည်သာ၊ မသန့်နေခြည်ထွန်း Pride International School Myanmar ကမာရွတ်နှင့် မောင်ကောင်းမြတ်သူ အထက(၂) ကျောက်တန်း တို့က အသီးသီး ဆုများ ရရှိကြပါသည်။

ပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ကောင်းထွဋ်ဟန် အထက(၁) ဘိုကလေးက ပထမ၊ မထက်တင်ဇာမြင့် အထက(၂) စမ်းချောင်းက ဒုတိယနှင့် မယွန်းပွင့်သူ အထက(၁) ဒဂုံက တတိယ ဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ချမ်းမင်းဖြိုး အထက(ခွဲ-၁) မြဝတီ၊ မောင်သန်းထွဋ် အထက ဖားကန့် နှင့် မထက်နှင်းပွင့် အထက(၁)သန်လျင် တို့က အသီးသီးဆုများ ရရှိကြပါသည်။

ပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မအေးချမ်းမော် အထက(၂) သန်လျင်က ပထမ၊ မနန်းအွန်ရှဲန် အထက (ဆန်ဆိုင်း) တာချီလိတ်က ဒုတိယနှင့် မောင်သူရမြင့်လှိုင် အထက မြစ်ငယ်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မအေးရည်မွန်လတ် အထက(၂) စမ်းချောင်း၊ မောင်ကောင်းခန့်ဇော် အထက(၂)ကမာရွတ် နှင့် မဝင့်ကေခိုင်မြင့် အထက(၂) စမ်းချောင်း တို့က အသီးသီး ဆုများရရှိကြပါသည်။

ကာတွန်းမူလတန်းအဆင့် ပြိုင်ပွဲတွင် မောင်ငွေဘုန်းအောင် မြန်မာ့ပညာရေးအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း မင်္ဂလာဒုံက ပထမ၊ မချမ်းမြသီရိ Young Learner's Development School ကိုယ်ပိုင်မူလတန်းကျောင်း ဒဂုံမြောက်က ဒုတိယနှင့် မသုထက်နေခြည်ဇော် ရန်ကုန် မျှော်လင့်ခြင်း ကျမ်းစာကျောင်း ဗဟန်းက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မကြည်စင်ဥ အမက(လွန်) သထုံမြို့၊ မောင်မျိုးဝဏ္ဏကျော် အထက(ခွဲ)အလက(၂) ပြည်နှင့် မောင်စိုင်းသော်ဇင်ကို အလက(ခွဲ)တောင်ငူ တို့က အသီးသီးဆုများ ရရှိကြပါသည်။

ကာတွန်းအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မမြတ်သက်ခိုင် အထကခွဲ အလက(၅) လှိုင်သာယာက ပထမ၊ မောင်စံသုတ အထက(၂)သန်လျင်က ဒုတိယနှင့် မောင်သော်ဇင်ဟိန်း အထက(၁) တောင်ငူက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မရှုမဝ အထက(၂) ဗဟန်း၊ မမေသဉ္ဇာသွန်း အထက(၄) အလုံ နှင့် မဖူးပွင့်ဝေ လေ့ကျင့်ရေး အလက တောင်ငူ တို့က အသီးသီးဆုများ ရရှိကြပါသည်။

ကာတွန်းအထက်တန်းအဆင့် ပြိုင်ပွဲတွင် မဆုမြတ်ရွှန်းဝေ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင် အထက်တန်းကျောင်း ရွှေပြည်သာက ပထမ၊ မနန်းဖူးခက်အေးလှိုင် အထက(၁) တောင်ကြီးက ဒုတိယ နှင့် မအင်ကြင်းဖူး အထက(၁) ဒဂုံက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မချမ်းမြေ့သူ ရန်ကင်းပညာရေးကောလိပ်၊ မဝင့်ကေခိုင်မြင့် အထက(၂) စမ်းချောင်းနှင့် မောင်ရဲမင်းခန့် အထက(၂) ကျောက်တန်းတို့က အသီးသီးဆုများ ရရှိကြပါသည်။

ပိုစတာမူလတန်းအဆင့် ပြိုင်ပွဲတွင် မဆုနန္ဒာထွန်း အလက(၁) မူဆယ်က ပထမ၊ မောင်အောင်ဖြိုးဇော် အထက(၂) ကျောက်တန်းက ဒုတိယနှင့် မောင်စိုင်းသော်ဇင်ကို အလက(ခွဲ) တောင်ငူက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မဆုသဉ္ဇာ အထက(၃) ပဲခူးနှင့် မခင်မြတ်နိုး အမက(၁) နတ်ကြီးကုန်း မိုးကောင်း၊ မောင်အောင်စစ်ပိုင် အမက(၂) အောင်မြေသာစံ တို့က အသီးသီး ဆုများ ရရှိကြပါသည်။

ပိုစတာအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မအိရွှေစင် အထက ဝက်လက်က ပထမ၊ မရှုမဝ အထက(၂) ဗဟန်းက ဒုတိယနှင့် မသံစဉ်ချို အထက(၄) အောင်မြေသာစံက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် နန်းကျေးဇူးလင်း အလက(၁) မူဆယ်၊ မအေးချမ်းသိမ့် GENIUS ကိုယ်ပိုင် အထက်တန်းကျောင်း တာမွေ နှင့် မောင်သွင်ထူးဆက် အလက(၃) ဒဂုံမြောက်တို့က အသီးသီးဆုများ ရရှိကြပါသည်။

ပိုစတာအထက်တန်းအဆင့် ပြိုင်ပွဲတွင် မအင်ကြင်းဖူး အထက(၁) ဒဂုံက ပထမ၊ မသိမ့်ယုယ အထက(၃) ပဲခူးက ဒုတိယနှင့် မောင်ရန်ဟိန်းအောင် အထက(၂) ဗဟန်းက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ဘုန်းပြည့်ကျော် Royal Myanmar Education Center သန်လျင်၊ မဖူးမြတ်သော် အထက(၃) ဒဂုံမြောက်နှင့် မောင်ထက်အာကာလင်း အထက(၂) မိုးကောင်း တို့က အသီးသီး ဆုများရရှိကြပါသည်။

ကွန်ပျုတာပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မထရေဇာဂျာဆန်အောင် အထက(၁) မြစ်ကြီးနားက ပထမ၊ မကြည်ဇင်သန့် အထက(၂) လသာ က ဒုတိယနှင့် မဗျားမြာဝင်း အလက(ခွဲ) နမ့်ကွတ် လွိုင်ကော် က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မဖူးသစ်ဟေမာန်မျိုးဝင်း အထက(၈) မော်လမြိုင်၊ မထက်တင်ဇာမြင့် အထက(၂) စမ်းချောင်း နှင့် မပြည့်ပြည့်ဖြိုးကျော် အလက(ခွဲ)နမ့်ကွတ် တို့က အသီးသီးဆုများ ရရှိကြပါသည်။

ကွန်ပျုတာပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မအိမ့်သူသူမွန် အထက(၈) မော်လမြိုင် က ပထမ၊ မအေးရည်မွန်လတ် အထက(၂) စမ်းချောင်းက ဒုတိယနှင့် မောင်ကြယ်စင် အထက(၇) တောင်ငူ က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ရဲရင့်မြတ်သူ အထက(၂) ဗဟန်း၊ မဆုရည်မွန်မြင့် အထက(၂) ဗဟန်းနှင့် မဝင့်ကေခိုင်မြင့် အထက(၂) စမ်းချောင်း တို့က အသီးသီး ဆုများရရှိကြပါသည်။

ဆောင်ပုဒ် ပြိုင်ပွဲတွင် မယဉ်သူသင်း ညောင်လေးပင်မြို့ ပဲခူးတိုင်းဒေသကြီးမှ "လူသားတို့ ကမ္ဘာမပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့"၊ ဦးအေးကြူ ချောင်းဦးမြို့ စစ်ကိုင်းတိုင်းဒေသကြီး မှ "မူးယစ်ကင်းစင်ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုးစီးပွားတိုး"၊ ဒေါ်ခင်စန်းရွှေ ကျောက်ဖြူမြို့ ရခိုင်ပြည်နယ် မှ "သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ" ဦးစံရွှေ (စူးရှထက်မြက် - မြင်းမူ) မြင်းမူမြို့ စစ်ကိုင်းတိုင်းဒေသကြီး မှ "အားကစားဖြင့် မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးကိုဆန့်ကျင်စို့" ဆောင်ပုဒ်နှင့် "မူးယစ်စွဲသူဖေးမကူ ရောင်းချသူကိုအရေးယူ ပြိုင်တူ ဆောင်ရွက် တိုင်းပြည်တွက်" ဆောင်ပုဒ်တို့က အသီးသီးဆုများရရှိကြပါသည်။