၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းတွင် ပိုင်ရှင် ဦးအောင်အောင်၏ ၆၀x၉၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC နှစ်ထပ် “ကျင်မိသားစု” စားသောက်ဆိုင်တွင် ထမင်းပေါင်းအိုးဖြင့် ထမင်းအိုး တည်ထားရာမှ အပူလွန်ကဲ၍ အောက်ခံစားပွဲအထပ်သားသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ မြောင်းမြခရိုင်/မြို့နယ်မီးသတ်စခန်း၊ အိမ်မဲမြို့နယ်မီးသတ်စခန်းနှင့် ကွယ်လွယ်နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၆၀x၉၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ RC နှစ်ထပ် စားသောက်ဆိုင် အဆောက်အအုံ တစ်လုံး၊ ၃၀x၄၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၅x၂၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း စားသောက်ဆိုင် အဆောက်အအုံ တစ်လုံး၊ နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်အောင်အား မြောင်းမြမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured