၂၀၂၄ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်းသွယ်တွင် ပိုင်ရှင် ဒေါ်ခင်ငြိမ်းချမ်း၏ ၁၅x၄၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် နေအိမ်တွင် မီးပလပ်ခုံ အပူလွန်ကဲ၍ ဝိုင်ယာကြိုးများမှတစ်ဆင့် အနီးရှိ အဝတ်စများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သံတွဲခရိုင်၊ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၅x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ် နေအိမ် နှစ်လုံး၊ ၁၅x၄၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ခင်ငြိမ်းချမ်းအား သံတွဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured