၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာတွင် ပိုင်ရှင် ဒေါ်ဝင်းကြည်၏ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်အောက်ထပ်ရှိ မီးဖိုဆောင်တွင် ထင်းမီးဖိုဖြင့် ရေနွေးအိုးကျိုရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည် မြို့နယ်မီးသတ်စခန်း၊ နတ္တလင်းမြို့နယ်မီးသတ်စခန်း၊ မင်းကွက်(၁)အရန်မီးသတ်စခန်းနှင့် ပျဉ်းပင်ကန် အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် ဘေးပျဉ်ကာများ မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဝင်းကြည်အား ပေါင်းတည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured