အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းသား/သူ၊ အချုပ်သား/သူများအား ဒေသန္တရကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ရန်ကုန်တိုင်းဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ အင်းစိန်မြို့နယ် ဒေသန္တရကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ဝါဝါထွန်းနှင့် သားဖွားသူနာပြုဆရာမ ဒေါ်ခိုင်ဇာသင်းတို့ ပါဝင်သောအဖွဲ့သည် ၂၁-၃-၂၀၂၄ ရက်နေ့တွင် လာရောက်၍ ကလေးမိခင်အကျဉ်းသူ/ အချုပ်သူများ၏ (၂)နှစ်အောက် ရင်သွေးငယ်(၂၆)ဦးအား (BCG၊ Penta၊ OPV၊ PCV၊ IPV၊ MSL-2၊ JE/MSL၊ Penta4၊ Rota) စသည့်ကာကွယ်ဆေးများ ထိုးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အင်းစိန်မြို့နယ် ဒေသန္တရကျန်းမာရေးအဖွဲ့မှ အကျဉ်းသူ/အချုပ်သူများ၏
ရင်သွေးငယ်များအား ကာကွယ်ဆေး လာရောက်ထိုးနှံတိုက်ကျွေးပေးနေပုံ။