၂၀၂၄ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်း၊ တိုက်အမှတ်(A-12B)၊ တိုက်ခန်း အမှတ်(၃၀၂/B)ရှိ ပိုင်ရှင် ဦးနေအောင်ကို ပိုင်ဆိုင်၍ အိမ်ငှား ဦးစိုင်းကျော်ဦး နေထိုင်သော ၄၀x၂၀ ပေ၊ RC နှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ၏ လေးထပ်မြောက်(ဘယ်)ရှိ ၁၀x၁၀ ပေ အိပ်ခန်းအတွင်းတွင် Power Bank အားသွင်းထားရာမှ Battery အပူလွန်ကဲ၍ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်ငါးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃x၆ ပေ၊ အထူခြောက်လက်မခန့် မွေ့ယာတစ်လုံး၊ Air Con CHIGO (Indoor)တစ်လုံး၊ Power Bank တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးစိုင်းကျော်ဦးအား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured