Language: Myanmar English

Featured

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် သန့်ရှင်းသောသောက်သုံးရေများ ရရှိသုံးစွဲနိုင်ရေးအတွက် ရေသန့်စက်များ ထပ်မံတပ်ဆင်ပေးခဲ့

     အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ထိန်းသိမ်းထားရှိသော အကျဉ်းသား/သူ၊ အချုပ်သား/သူများအား သန့်ရှင်းသော သောက်သုံးရေရရှိသုံးစွဲနိုင်ရေးအတွက် အကျဉ်းထောင်/အချုပ်ထောင်/စခန်းများ၌ ရေသန့်စက်များတပ်ဆင်ပေးလျက်ရှိပါသည်။
     အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသော အကျဉ်းသား/သူ၊ အချုပ်သား/သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲနိုင်ရန်အတွက် လီတာ ၃ဝဝဝ ဆံ့ တိုင်ကီ ၃ လုံးပါ ရေသန့်စက် ၁ လုံးနှင့် လီတာ ၁ဝဝဝ ဆံ့ တိုင်ကီ ၂ လုံးပါ ရေသန့်စက် ၁ လုံးတပ်ဆင်ပေးထားခဲ့ပြီးဖြစ်ပါသည်။ အလားတူ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းနှင့်မိသားစုဝင်များအတွက် ၅-၃-၂၀၂၄ ရက်နေ့ တွင် လီတာ ၁ဝဝဝ ဆံ့ တိုင်ကီ ၂ လုံးပါ အမှတ်(၁) ရေသန့်စက် ၁ လုံးနှင့် ၂၀-၃-၂၀၂၄ ရက်နေ့တွင် လီတာ ၁ဝဝဝ ဆံ့ တိုင်ကီ ၂ လုံးပါ အမှတ်(၂)ရေသန့်စက် ၁ လုံးတို့အား ထပ်မံတပ်ဆင်ပေးခဲ့ပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

1

အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဝန်းအတွင်းရှိ ရေသန့်စက်ရုံများမှ ထွက်ရှိသည့် ရေသန့်များ

ဝန်ထမ်းမိသားစုဝင်များအား ဖြန့်ဝေဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ။

2

အမှတ်(၁)ရေသန့်စက်ရုံ အတွင်း/အပြင်အား မြင်တွေ့ရပုံ။

3

4

အမှတ်(၂)ရေသန့်စက်ရုံ အတွင်း/အပြင်အား မြင်တွေ့ရပုံ။

5

6

အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမှတ်(၁)အိပ်ဆောင်အတွင်းရှိ ရေသန့်စက် အတွင်း/အပြင်အား မြင်တွေ့ရပုံ။

7

8

အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမှတ်(၃)အိပ်ဆောင်အတွင်းရှိ ရေသန့်စက် အတွင်း/အပြင်အား မြင်တွေ့ရပုံ။

9

10

ဝန်ထမ်းများအား အမှတ်(၂)ရေသန့်စက်ရုံမှ ထွက်ရှိသည့် ရေသန့်များအား ရေသန့်ဘူးကြီးများဖြင့် ပေးဝေပုံ။

11

12

ဝန်ထမ်းများအား အမှတ်(၂)ရေသန့်စက်ရုံမှ ထွက်ရှိသည့် ရေသန့်များအား ရေသန့်ဘူးကြီးများဖြင့် ပေးဝေပုံ။