၂၀၂၄ ခုနှစ်၊ မတ် ၂၇ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ (၅)လမ်းတွင် ပိုင်ရှင် ဦးဝင်းထွဋ်၏ ၂၅x၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း RC နှစ်ထပ်နေအိမ်၏ နောက်ဖေးမီးဖိုဆောင်တွင် လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နောက်ဖေးမီးဖိုဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဝင်းထွဋ်အား ရေကြည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured