၂၀၂၄ ခုနှစ်၊ မတ် ၃၀ ရက် နံနက် ၉ နာရီ ၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ဘူတာလမ်းတွင် ပိုင်ရှင် ဦးမြင့်ဇော်၏ ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် အပြင်ထွက်သွားချိန် မိန်းမချဘဲ လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ အပူ လွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ရှစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၃၅x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၊ ၄၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၊ စုစုပေါင်း နေအိမ် တစ်လုံးနှင့် နေအိမ် နှစ်လုံး၏ အပေါ်ထပ်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမြင့်ဇော်အား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured