၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၆၅ လမ်းနှင့် ၁၃၉ လမ်းထောင့်၊ (ည)ရပ်ကွက်တွင် ပိုင်ရှင် ဒေါ်မြင့်မြင့်သန်း၏ ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ်တွင် လျှပ်စစ်ပလပ်ခုံ၌ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ အောက်ရှိမြက်ဖျာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ၄၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ၄၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်းနေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ညစောင့် ဦးအာကာကျော်အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured