Language: Myanmar English

Featured

အကျဉ်းဦးစီးဌာနမှ နေပြည်တော်ရှိ ရုံးဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ငါးများသွားရောက်ရောင်းချပေးခဲ့

     အကျဉ်းဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းများမှ မွေးမြူထွက်ရှိသော ငါးမြစ်ချင်းများအား ၂၉-၃-၂၀၂၄ ရက်နေ့နှင့် ၁-၄-၂၀၂၄ ရက်နေ့တို့တွင် နေပြည်တော်ရှိ ရုံးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရေအရင်းအမြစ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ သက်သာသောဈေးနှုန်းဖြင့် လိုက်လံရောင်းချပေးခဲ့ပြီး၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဝန်ထမ်းများအား တစ်ဦးလျင် ၁ ပိဿာနှုန်းဖြင့် ထောက်ပံ့ဝေငှပေးခဲ့ပါကြောင်းင်းရရှိပါသည်။

1

၂၉-၃-၂၀၂၄ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ငါးများသွားရောက်ရောင်းချနေသည့် မှတ်တမ်းဓာတ်ပုံ။

2

၂၉-၃-၂၀၂၄ ရက်နေ့တွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများထံသို့ ငါးများသွားရောက်ရောင်းချနေသည့် မှတ်တမ်းဓာတ်ပုံ။

3

၁-၄-၂၀၂၄ ရက်နေ့တွင် ရေအရင်းအမြစ်ဦးစီးဌာနသို့ ငါးများသွားရောက်ရောင်းချနေသည့် မှတ်တမ်းဓာတ်ပုံ။

4

၁-၄-၂၀၂၄ ရက်နေ့တွင် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ငါးများဝေငှပေးမှု မှတ်တမ်းဓာတ်ပုံ။

5

6

၁-၄-၂၀၂၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ငါးများသွားရောက်ရောင်းချနေမှုမှတ်တမ်းဓာတ်ပုံ။