၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်ရွာ)တွင် ပိုင်ရှင် ဦးဖီလောင်၏ ၂၀x၂၅ ပေ၊ သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း၊ မြေစိုက် တစ်ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိသက်ကယ်ပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၀x၂၅ ပေ၊ သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ၂၀x၂၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် ၁၁ လုံး၊ ၂၅x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် သုံးလုံး၊ ၁၅x၂၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး၊ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် ၁၇ လုံးနှင့် ၁၅x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ ဘုရားကျောင်းတစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဖီလောင် အား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured