၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက် နံနက် ၈ နာရီ ၃၂ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးဘေး “မြတ်နိုးသူ” စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယာဉ်မောင်း ဦးမြင့်သိန်းဇော် မောင်းနှင်လာသော ယာဉ်အမှတ် 1P-XXXX DAIHATSU HIJET အမျိုးအစား (ခဲရောင်)ယာဉ်သည် ဆေးခန်းပြသရန် ညောင်ဦးမြို့မှ နေပြည်တော်သို့မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ တမာပင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ညောင်ဦးခရိုင်၊ မြို့နယ်မီးသတ်စခန်းနှင့် အမှတ်(၅)အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီး၊ စုစုပေါင်း သုံးစီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် 1P-XXXX DAIHATSU HIJET အမျိုးအစား (ခဲရောင်)ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း လေးဦးအနက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး တစ်ဦး(သေဆုံး)တို့အား ညောင်ဦးခရိုင်၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးမြင့်သိန်းဇော်အား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured