Language: Myanmar English

Featured

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်ကွက်၊ မြို့‌ရှောင်လမ်းတွင် ဆီဘောက်ဆာ တိမ်းမှောက်မှု

     ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်ကွက်၊ မြို့‌ရှောင်လမ်းတွင် ယာဉ်မောင်း ဦးဇေယျာလင်း မောင်းနှင်လာသော ယာဉ်အမှတ် YGN-36 3E-xxxx NISSAN DIESEL အမျိုးအစား နောက်တွဲယာဉ် အမှတ် YGN 2TLR-xxxx (၂၂) ဘီး (အပြာရောင်) ယာဉ်သည် ရန်ကုန်မှ မန္တလေးသို့မောင်းနှင်လာစဉ် ကားတစ်စီးအားရှောင်ရာမှ စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်အမှတ် YGN-36 3E-xxxx NISSAN DIESEL (၂၂) ဘီး (အပြာရောင်) ယာဉ်၏ ခေါင်းခန်းပျက်စီးဆုံးရှုံးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးဇေယျာလင်းအား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

1

2