၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် အိမ်ငှား ဦးယောဆွ၏ ၂၄x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်၌ သုံးမိနစ် ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိနံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟားခါးခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၄x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် သုံးလုံး၊ ၂၈x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး၊ ၁၆x၁၄ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်မီးဖိုဆောင် နှစ်လုံး၊ ၁၆x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်မီးဖိုဆောင် တစ်လုံး၊ ၃၂x၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်မီးဖိုဆောင် တစ်လုံး၊ စုစုပေါင်း နေအိမ် လေးလုံးနှင့် မီးဖိုဆောင် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အိမ်ငှား ဦးယောဆွအား ဟားခါးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured