၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက် နံနက် ၃ နာရီ ၅၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ (၉) ရပ်ကွက်၊ ဝါယာလတ်(၂)လမ်းတွင် ယာဉ်မောင်း ဦးကြည်ရွှေ၏ YGN-13 (6E/xxxx) Probox (အဖြူရောင်) အငှားယာဉ်သည် ကားစက်နှိုးစဉ် ဘက်ထရီခေါင်း Loose ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါယာဉ်မီးလောင်မှုကြောင့် YGN-13 (6E/xxxx) Probox (အဖြူရောင်)အငှားယာဉ်၏ ကားခေါင်းပိုင်း၊ ရှေ့လေကာမှန်၊ ကားအတွင်းပိုင်း၊ တာယာ(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးကြည်ရွှေအား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
Featured