၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁ ရက် နံနက် ၆ နာရီ ၄၄ အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် ၁၁၆/၇ အနီးတွင် ရန်ကုန်မှ မော်လမြိုင်သို့ ဂတ်စ်အိုးများတင်ဆောင်၍ ယာဉ်မောင်း ဦးကျော်ကျော်မွှေး မောင်းနှင်လာသော ယာဉ်အမှတ် 7N/XXXX FUSO အမျိုးအစား ခြောက်ဘီးယာဉ်နှင့် မော်လမြိုင်မြို့မှ ရန်ကုန်သို့ မောင်းနှင် လာသော YGN 9-8I /XXXX (သိန်းသန်းကျော်)မှန်လုံယာဉ်တို့ တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီတွင် ပြီးစီးပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် YGN 9-8I /XXXX (သိန်းသန်းကျော်)မှန်လုံယာဉ်၏ ခေါင်းခန်းပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးကျော်ကျော်မွှေးအား ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Featured