၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကံဦးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၇/၃)နှင့် (၂၅၇/၄) ကြား၌ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးမင်းမင်းသန့် မောင်းနှင်လာသော ယာဉ်အမှတ် YGN-44 5F-xxxx Lexus CYGNUS အမျိုးအစား (အနက်ရောင်) ယာဉ်သည် ရှေ့ယာဘက်ဘီးပွင့်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး၊ စုစုပေါင်း ခုနှစ်ဦးအနက် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ၎င်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ YGN-44 5F-xxxx Lexu CYGNUS အမျိုးအစား (အနက်ရောင်)ယာဉ်၏ ခေါင်းခန်းနှင့် ဘေးခြမ်းများ ပိန်ချိုင့်ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးမင်းမင်းသန့်အား ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။