နေပြည်တော် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူမှုရေးအရ ငဲ့ညှာထောက် ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၃၃၀၃ ဦး၊ နိုင်ငံခြားသား အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါကြောင်း သတင်း ရရှိပါသည်။
၁၇-၄-၂၀၂၄ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်နှင့် ဘက်စုံစိုက်/မွေးစခန်းတို့မှ ကျင့်-၄၀၁(၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုသည့် လွတ်လူအကျဉ်းသားများအား
လွှတ်ပေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် အကျဉ်းသား/သူများအား ဆုံးမဩဝါဒစကားပြောကြားပုံ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးတို့မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် အကျဉ်းသား/သူများအား တစ်ဦးချင်းလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားပုံ
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သည့်အကျဉ်းသား/သူများအား အကျဉ်းထောင်ဗူးတံခါးမကြီးမှ စနစ်တကျလွှတ်ပေးပုံ
လွတ်မြောက်သည့် အကျဉ်းသား/သူများအား သက်ဆိုင်ရာမြို့နယ်များအလိုက် YBSမော်တာ်ယာဉ်များဖြင့် ပို့ဆောင်ပေးပုံ
လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သည့် အကျဉ်းသား/သူများအား အကျဉ်းထောင် ရှေ့တပ်ရဲဂိတ်တွင် မိသားစုဝင်များမှ လာရောက်ကြိုဆိုပုံ