၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မဉ္ဇူသကလမ်းနှင့် ဗေဒါလမ်းထောင့်တွင် ပိုင်ရှင် ဦးသန်းလွင်၏ ၁၀x၁၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်၌ မီးပလပ်ခုံဖြင့် (၃)မိနစ်ရေနွေးအိုးတည်ထားရာမှ အပူ လွန်ကဲပြီး ဝါးထရံအကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာ မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၆ စီးဖြင့် သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀x၁၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းလွင်အား ရွှေပြည်သာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
Featured