၂၀၂၄ ခုနှစ်၊ မေ ၃ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာအရှေ့(၁၈)လမ်းတွင် ပိုင်ရှင် ဦးစိုးရန်ပိုင်၏ ၁၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ်၌ သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်ခုနစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၁၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ် တစ်လုံးနှင့် တစ်ထပ်နေအိမ်တစ်လုံး၊ စုစုပေါင်းနေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုးရန်ပိုင်အား သာကေတမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။