Language: Myanmar English

Featured

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မေ ၃ ရက် ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ ညီညီအောင် မောင်းနှင်လာသည့် LIGHT TRUCK မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးမခံဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နောင်ချိုမြို့နယ်၊ မကျည်းရေကျေးရွာအနီး၊ နောင်ချို-ရပ်စောက်သွား ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၇/၃ အနီး လမ်းဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားသဖြင့် ညီညီအောင်အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

1

ပြစ်မှုကျူးလွန်သူအား
သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။