အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ထိန်းသိမ်းထားရှိသော အကျဉ်းသား/သူ၊ အချုပ်သား/သူများအား သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် အကျဉ်းထောင်/အချုပ်ထောင်/စခန်းများ၌ ရေသန့်စက်များ တပ်ဆင်ပေးလျက်ရှိပါသည်။
သာယာဝတီဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသော အကျဉ်းသား/သူ၊ အချုပ်သား/သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲနိုင်ရန်အတွက် ရေသန့်စက်အား အကျဉ်းထောင်အတွင်း တပ်ဆင်ပေးထားခဲ့ပြီးဖြစ်ပါသည်။ အလားတူ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းနှင့်မိသားစုဝင်များအတွက် ၈-၄-၂၀၂၄ ရက်နေ့တွင် ရေသန့်စက်ထားရှိမည့် အဆောက်အဦဆောက်လုပ်၍ ရေသန့်စက်ရုံတွင် ရေသန့်စက်ပစ္စည်းများအား ၁၁-၅-၂၀၂၄ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ ရေသန့်စက်အတွက် လိုအပ်သောရေအား ၂" အဝီစိတွင်းမှ လီတာ ၁၅၀၀ ဆံ့ ရေစစ်တိုင်ကီအတွင်း သိုလှောင်ထားရှိကာ ရေစစ်တိုင်ကီမှတစ်ဆင့် DMI Filter၊ Carbon Filter၊ Resin Filter၊ Ro Filter၊ UV 30W Set Filter တို့ဖြင့် အဆင့်ဆင့်ဖြတ်သန်းစေ၍ ရရှိလာသော ရေသန့်များအား လီတာ ၁၀၀၀ ဆံ့ ရေသန့်သိုလှောင်တိုင်ကီအတွင်း သိုလှောင်ထားရှိပြီး သန့်ရှင်းသော သောက်ရေသန့်များကို ဝန်ထမ်းနှင့် မိသားစုဝင်များအား လုံလောက်စွာသောက်သုံးနိုင်ရန်အတွက် နေ့စဉ်ဖြန့်ဝေပေးလျက်ရှိပါသည်။
အလားတူ အင်းစိန်ဗဟိုအကျဉ်းထောင်တွင်လည်း ရေသန့်စက် ၂ လုံး တပ်ဆင်ထားရှိပြီး ဝန်ထမ်း၊ မိသားစုဝင်များသို့ သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
သာယာဝတီဗဟိုအကျဉ်းထောင်တွင် သောက်ရေသန့်စက်ထားရှိသည့် အလျား(၂၂)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၉)ပေ
အဆောက်အဦ၏မှတ်တမ်းဓာတ်ပုံ(၁၈ပေကွန်ကရစ်လမ်းအပါ)။
သာယာဝတီဗဟိုအကျဉ်းထောင်တွင် အဆောက်အဦအတွင်း၌ သောက်ရေသန့်စက်တပ်ဆင်ထားရှိမှု မှတ်တမ်းဓာတ်ပုံ။
သာယာဝတီဗဟိုအကျဉ်းထောင်တွင် ရေသန့်စက်ရုံတာဝန်ကျ အကျဉ်းထောင်တပ်ကြပ်ကြီး ကျော်ဇောမောင်မှ
ဝန်ထမ်းနှင့်မိသားစုဝင်များအား သောက်ရေသန့်ဖြန့်ဝေပေးနေမှု မှတ်တမ်းဓာတ်ပုံ။