၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၃/၃ နှင့် ၂၁၃/၂ ကြားတွင် မန္တလေးမှ နေပြည်တော်သို့ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်များတင်ဆောင်၍ ယာဉ်မောင်း ကျော်သူထွေး မောင်းနှင်လာသော ယာဉ်အမှတ် MDY-20 7I/XXXX NISSAN CONDOR အမျိုးအစား (အဖြူရောင်)ယာဉ်သည် ယာဉ်၏ယာဘက်နောက်ဘီးဘရိတ်ရှူး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းနှင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်၏ ဦးခေါင်းပိုင်း၊ ကိုယ်ထည်၊ ဘီး လေးလုံး၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်မောင်း ကျော်သူထွေးအား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured