Language: Myanmar English

Featured

မီးသတ်ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေ လိုအပ်လျက်ရှိသောကျေးရွာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု

     မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
     ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တလင်းကုန်းကျေးရွာသို့ ဧကရာဇ်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
     အလားတူ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက်ရှိသော ကော့ကဒါးကျေးရွာအုပ်စု၊ စိန်ဖလားကျေးရွာသို့ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန်၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

1

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ တလင်းကုန်းကျေးရွာသို့
သောက်သုံးရေလှူဒါန်းမှု။

2

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စိန်ဖလားကျေးရွာသို့
သောက်သုံးရေလှူဒါန်းမှု။