Language: Myanmar English

Featured

မီးသတ်ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့မှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများသို့ သောက်သုံးရေသွားရောက်လှူဒါန်းမှု

     မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
     ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော မာလာမြိုင်ကွက်သစ်ကျေးရွာသို့ ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
     အလားတူ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက်ရှိသော ခရိုက်နှီးဟုကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာသို့ ချောင်းဆုံမြို့နယ်မီးသတ် စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

1

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ မာလာမြိုင်ကွက်သစ်ကျေးရွာသို့
သောက်သုံးရေလှူဒါန်းမှု။

2

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ သာယာကုန်းကျေးရွာသို့
သောက်သုံးရေလှူဒါန်းမှု။