Language: Myanmar English

Featured

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၈/၆ အနီးတွင် ယာဉ်တိုက်မှု

     ၂၀၂၄ ခုနှစ်၊ မေ ၁၆ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၈/၆ အနီးတွင် ယာဉ်မောင်း ဇော်ထက်၏ 7B/XXXX HINO DUTRO LIGHT TRUCK (ခဲရောင်)ယာဉ်သည် ယာဉ်မရပ်တန့်ရနေရာ၌ ရပ်တန့်ထားစဉ် ယာဉ်မောင်း မျိုးကျော်အောင်မောင်းနှင်လာသော ယာဉ်အမှတ် 1P/XXXX JJ EXPRESS (အဝါရောင်)ယာဉ်သည် နောက်မှဝင်တိုက်မိ၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးများအား တိုက်မိမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် 7B/XXXX HINO DUTRO LIGHT TRUCK (ခဲရောင်)ယာဉ်၏ နောက်ပိုင်း ကားဘော်ဒီများကျိုးပဲ့ပျက်စီး၊ 1P/XXXX JJ EXPRESS (အဝါရောင်)ယာဉ်၏ ရှေ့လေကာမှန်နှင့် ယာဘက်မီးသီးခွက်များကွဲကြေပျက်စီး၊ ယာဉ်၏ဦးခေါင်းယာဘက်ပိုင်းကြေမွပျက်စီး၊ လမ်းဘယ်ရီယာတုံး ခုနှစ်တုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် 1P/XXXX JJ EXPRESS (အဝါရောင်)ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦးအနက် အမျိုးသား နှစ်ဦး(သေဆုံး)၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်းဇော်ထက်နှင့် ယာဉ်မောင်းမျိုးကျော်အောင်တို့အား စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

1

2