မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ် ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက် ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း လျက်ရှိပါသည်။
ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ကော့မှူးမြို့နယ်၊ ဘုရားလမ်း ရပ်ကွက်ရှိ အိမ်ထောင်စုများသို့ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ် ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ငါ့သရောက်နယ်မြေရှိ ကန်တိန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀၊ ရွာပုလဲကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀ နှင့် ရွှေလက်ပျံရပ်ကွက်ရှိ အိမ်ထောင်စုများသို့ ရေဂါလန် ၃၂၀၀ အား ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ခရိုက်နှီးဟုကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုများသို့ ချောင်းဆုံ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက်ရှိ အိမ်ထောင်စုများသို့ သောက်သုံးရေလှူဒါန်းမှု။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကန်တိန်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီး ကျောင်းသို့ သောက်သုံးရေလှူဒါန်းမှု။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွာပုလဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေလှူဒါန်းမှု။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွှေလက်ပျံရပ်ကွက်ရှိ အိမ်ထောင်စုများသို့ သောက်သုံးရေလှူဒါန်းမှု။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်နှီးဟုကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ အိမ်ထောင်စုများသို့ သောက်သုံးရေလှူဒါန်းမှု။