မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ထားဝယ်မြို့နယ်၊ ကြက်စားပြင် ရပ်ကွက်နှင့် ဆန်းချီရပ်ကွက်တို့ရှိ အိမ်ထောင်စုများသို့ ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၄၈၀၀ အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ထမ္မနိုင်ကျေးရွာရှိ အိမ်ထောင်စုများသို့ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၃၂၀၀ အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်နှင့် ဆန်းချီရပ်ကွက်တို့ရှိ အိမ်ထောင်စုများသို့
သောက်သုံးရေလှူဒါန်းမှု။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ထမ္မနိုင်ကျေးရွာရှိ အိမ်ထောင်စုများသို့
သောက်သုံးရေလှူဒါန်းမှု။