၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၉ နာရီ ၄၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ ပြည်တော်သာလမ်းတွင် ပိုင်ရှင် ဦးကျော်ကျော်ငွေ၏ ၁၀x၁၀ ပေ၊ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအဝတ်စနှင့် ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀x၁၀ ပေ၊ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်ကျော်ငွေအား မှော်ဘီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured