မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း လျက်ရှိပါသည်။
ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်မြတ်ဘုရား ရင်ပြင်တော်ရှိ သောက်သုံးရေကန်များသို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၁၆၀၀ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၉ နာရီတွင် မွန်ပြည်နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများသို့ သိမ်ဇရပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၁၆၀၀ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ဆီဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်နှင့် သီရိရပ်ကွက်ရှိ အိမ်ထောင်စုများသို့ ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေဂါလန် ၂၄၀၀ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းရှိ
ရှေးဟောင်းသမိုင်းဝင်ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်မြတ်ဘုရား
ရင်ပြင်တော်ရှိ သောက်သုံးရေကန်များသို့ သောက်သုံးရေလှူဒါန်းမှု။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများသို့
သောက်သုံးရေလှူဒါန်းမှု။
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ မြကန်သာရပ်ကွက်နှင့် သီရိရပ်ကွက်ရှိ အိမ်ထောင်စုများသို့
သောက်သုံးရေလှူဒါန်းမှု။