Language: Myanmar English

Featured

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၅)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် မီးလောင်မှု

     ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၂ နာရီ ၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၅)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် ပိုင်ရှင် ဦးကျော်လင်းထွန်း၏ ၂၀x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း “မုန့်မျိုးစုံဆိုင်” ၌ ရေခဲသေတ္တာ Safe Guard အပူ လွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၉ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း “မုန့်မျိုးစုံဆိုင်” အဆောက်အုံ တစ်လုံးနှင့် မုန့်မျိုးစုံ၊ ၁၅x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း “ကုန်မာဆိုင်” အဆောက်အအုံ တစ်လုံးနှင့် ကုန်မာပစ္စည်းများ၊ ၁၅x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း “စိုက်ပျိုးရေး သုံးပစ္စည်း” အရောင်းဆိုင် အဆောက်အအုံ တစ်လုံးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ၁၀x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံ တစ်လုံး၊ ၁၅x၆၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း “ပိုးထည်ဆိုင်” အဆောက်အအုံ တစ်လုံး၊ စုစုပေါင်း အဆောက်အအုံ ငါးလုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်လင်းထွန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

1

2