၂၀၂၄ ခုနှစ်၊ မေ ၂၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းနှင့် ဂျပန်လမ်းထောင့်တွင် ပိုင်ရှင် ဦးရန်နိုင်ထွန်း၏ “တတ်နေလင်း” ဆေးပစ္စည်း အရောင်းဆိုင် ၂၆x၆၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ RC နှစ်ထပ် နေအိမ်နှင့်တွဲလျက် ဆေးပစ္စည်းဂိုဒေါင်တွင် ဆိုလာဖြင့်ဘက်ထရီအိုးအားသွင်းထားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ငါးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၆x၆၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ RC နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိုဒေါင်အတွင်းရှိ ဆေးဝါးပစ္စည်းများ၊ ၃၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ RC နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးရန်နိုင်ထွန်းအား ပြည်မြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
Featured