၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၉၀/၀ တွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာသော 9Q/XXXX SOUEAST (ခဲရောင်)ယာဉ်သည် စလစ်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် 9Q/XXXX SOUEAST (ခဲရောင်)ယာဉ်၏ ဘော်ဒီ(ယာ) နောက်ပိုင်း၊ (ယာ)နောက်တံခါးနှင့် ဘော်ဒီ(ဝဲ)ခြမ်းပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား လေးဦးအနက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့၍ ၎င်းတို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ကျော်ဇေယျအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured