Language: Myanmar English

Featured

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ရပ်စောက်- နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်းမောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလို တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့်ယာဉ်နှင့် ရှေ့နောက် လိုက်ပါ၍ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မျိုးမင်းထွန်းနှင့် ကျော်သက်ဦး တို့အား NISSAN AD VAN မော်တော်ယာဉ်နှင့်လည်းကောင်း၊ အေးကျော်(ခ)ကျော်နိုင်နှင့် ဟိန်းထက်အောင် တို့အား TOYOTA PROBOX မော်တော်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ တာဝန်ခံသယ်ဆောင်သူ ကိုပြည့်(ခ) ပြည့်ဖြိုးသူ(ခ)မင်းမြတ်နိုင်နှင့် မထွယ်ဆန်အိန်တို့အား မေ ၂၂ ရက် ည ၇ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်းကြားတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

1

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့်
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။