၂၀၂၄ ခုနှစ်၊ ဇွန် ၁ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အမြင့် ၂၀ ပေ၊ လုံးပတ် ငါးပေခန့်ရှိ သီဟိုပင် သည် မိုးရွာသွန်းမှုကြောင့် မြေသားပျော့အိ၍ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျွန်းစုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိပါကြောင်းသိရှိရပါသည်။
Featured