၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၀၀ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ တေဇာခင်ဦး(၁)လမ်းတွင် ပိုင်ရှင် ဦးကျော်သူ၏ ၃၈x၄၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တစ်ထပ်ခွဲနေအိမ်၌ ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ငူခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၃၈x၄၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တစ်ထပ်ခွဲနေအိမ် တစ်လုံး၊ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်သူအား တောင်ငူမြို့၊ အမှတ်(၂)ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Featured