Language: Myanmar English

Featured

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ ဂွေးကုန်းကျေးရွာအနီး၊ ငဝန်မြစ်အတွင်း စက်လှေ မီးလောင်မှု

     ၂၀၂၄ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ ဂွေးကုန်းကျေးရွာအနီး၊ ငဝန်မြစ်အတွင်း ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းသို့ စက်လှေမောင်း ဦးချစ်မင်းသူ မောင်းနှင်သည့် အလျား ၃၀ ပေ၊ အနံ ၂၁ ပေရှိ “ကောင်းပြည့်လှိုင်” စက်လှေသည် စက်ချို့ယွင်း၍ ရပ်နားပြုပြင်နေစဉ် ဘက်ထရီမီးပွားထွက်၍ အနီးရှိဆီပေပါသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စက်တပ် လှေငယ် တစ်စီးဖြင့် အပေါ့စားမီးသတ်စက်အသုံးပြု၍ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါ မီးလောင်မှုကြောင့် စက်လှေပေါ်ပါ အမျိုးသား ငါးဦးအနက် အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး အလျား ၃၀ ပေ၊ အနံ ၂၁ ပေရှိ စက်လှေ၏ စက်ခန်း၊ 92 ဓာတ်ဆီပေပါ တစ်လုံး၊ ဒီဇယ်ပေပါ တစ်လုံး၊ အခြေခံစားသောက်ကုန်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်လှေမောင်း ဦးချစ်မင်းသူအား ငပုတောမြို့နယ်၊ သင်္ဘောကျင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

3

4